ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


Kingsrich Myanmar Fashion Co., Ltd တို့သို့ကွင်းဆင်းစစ်ဆေးခြင်း [1]

Posted on 19 December 2017

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသော CMP စနစ် ဖြင့် အထည်ချုပ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် မြေကွက်အမှတ်၁၊၂၊၃၊ မြေတိုင်း ရပ်ကွက်အမှတ် ၃၉ (စက်မှု)၊ ရွှေပြည်သာစက်မှုဇုန်၊ ရွှေပြည်သာမြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီးရှိ Kingsrich Myanmar Fashion Co.,Ltd သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ ပတ်၀န်းကျင် ထိန်းသိမ်းရေးဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေး နှင့် စစ်ဆေးရေးဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါ၀င်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ကုမ္ပဏီ၏ တည်ဆောက်ရေးလုပ်ငန်းတိုးတက်မှုအခြေအနေ၊ သုံးလပတ်အစီရင်ခံစာ၊ ထုတ်လုပ်မှု အခြေအနေ၊ စီးပွားဖြစ်စတင် ဆောင်ရွက်ပြီးအခြေအနေ၊ အလုပ်သမားခန့်ထားမှု၊ ပတ်၀န်းကျင် စီမံခန့်ခွဲမှုအစီအစဉ်၊ ပုဂ္ဂလိကစက်မှုမှတ်ပုံတင်၊ လုပ်ငန်းခွင် လုံခြုံရေးအခြေအနေစသည်များကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် သွားရောက် စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative