ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းအမှတ်စဉ်(၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း [1]

Posted on 20 December 2017

အသစ်ခန့်အပ်လိုက်သောဝန်ထမ်းများနှင့် အခြားဦးစီးဌာနများမှ ပြောင်းရွှေ့ ရောက်ရှိလာသော ဝန်ထမ်းများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် နည်းဥပဒေများ၊ ကုမ္ပဏီ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်လုပ်ထုံးလုပ်နည်းများကို သိရှိနားလည် လိုက်နာ စေရန်နှင့် လက်တွေ့ဆောင်ရွက်လျှက်ရှိသည့် လုပ်ငန်းစဉ်များအား အကျွမ်းတဝင် သိရှိ စေရန်ရည်ရွယ်၍ ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၅) ဖွင့်ပွဲ အခမ်းအနားကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်)၌ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၉:၃၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

 အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး၊ ဒုတိယ ညွှန်ကြားရေး မှူးချုပ် ဦးသန်းအောင်ကျော်နှင့် ဌာနခွဲများမှ ညွှန်ကြားရေးမှူးများနှင့် သင်တန်းသားများ အပါအဝင် စုစုပေါင်း ၈၀ ဦး တက်ရောက်ကြပါသည်။ သင်တန်းကာလမှာ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ လ ၁၉ ရက်နေ့မှ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့ အထိ တစ်လကြာ ဖွင့်လှစ်သွားမည် ဖြစ်ပါ သည်။

 

 

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative