မီဒီယာနှင့် အများပြည်သူဆက်သွယ်ခြင်း မဟာဗျူဟာမြောက် အစီအစဉ် အလုပ်ရုံဆွေးနွေးပွဲ [1]
Posted on 02 January 2018
International Development (AVID) program မှ Australia Volunteerဖြစ်သူ Mr Peter Gill မှ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ဝန်ထမ်းများအား မီဒီယာနှင့် အများပြည်သူဆက်သွယ်ခြင်း မဟာဗျူဟာမြောက် အစီအစဉ် အလုပ်ရုံ ဆွေးနွေး ပွဲကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါ အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး အပါအဝင် ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများ စုစုပေါင်း (၁၅) ဦး တက်ရောက်ခဲ့ပါသည်။

