ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ်(၅) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခြင်း [1]

Posted on 18 January 2018

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် အသစ်ခန့်အပ်လိုက်သော ဝန်ထမ်းများနှင့် အခြားဦးစီးဌာနများမှ ပြောင်းရွှေ့ရောက်ရှိလာသော ဝန်ထမ်းများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် နည်းဥပဒေများ၊ ကုမ္ပဏီမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်လိုက်နာစေရန်နှင့် လက်တွေ့ဆောင်ရွက် လျှက်ရှိသည့် လုပ်ငန်းစဉ်များအား အကျွမ်းတဝင် သိရှိစေရန် ရည်ရွယ်၍ ဝန်ထမ်း စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ်(၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန(ရုံးချုပ်)၌ ၂၀၁၈ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့ မွန်းလွဲ ၁၂း ၃၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် နှင့် ဌာနခွဲများမှ ညွှန်ကြားရေးမှူးများနှင့် သင်တန်းသားများ အပါအဝင် စုစုပေါင်း(၇၅)ဦး တက်ရောက်ခဲ့ကြပါသည်။ သင်တန်းကာလမှာ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့မှ ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့အထိ တစ်လကြာ ဖွင့်လှစ် ခဲ့ခြင်းဖြစ်ပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative