စီမံကိန်းနှင့်ဘဏ္ဍာရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီးနှင့်အဖွဲ့ ကုန်သွယ်ရေးဇုန် လျာထားမြေနေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးခြင်း [1]
Posted on 29 January 2018
စီမံကိန်းနှင့် ဘဏ္ဍာရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦးကျော်ဝင်း၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာခက်အောင်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးများ၊ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး နှင့် အဖွဲ့သည် ကချင်ပြည်နယ် ဝိုင်းမော်-ကန်ပိုက်တီး (ချီဗွေလမ်းခွဲ)ရှိ ကုန်သွယ်ရေးဖလှယ်ဇုန် လျာထားမြေနေရာ နှင့် ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးဂိတ် တို့သို့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထို့နောက် ဝိုင်းမော်မြို့ရှိ အထကခွဲ (ဝေါချုံး)နှင့် တစ်သျှူးငှက်ပျောစိုက်ခင်းများသို့လည်း သွားရောက်ကြည့်ရှုလေ့လာခဲ့ပါသည်။




