ယူနန်ပြည်နယ်မှ စီးပွားရေးလုပ်ငန်းရှင်များနှင့် အစည်းအဝေးပြုလုပ်ခြင်း [1]
Posted on 05 February 2018
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့တွင် ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပမည့် တရုတ်-မြန်မာ စီးပွားရေး စင်္ကြံလမ်း တည်ထောင်ရေးနှင့်စပ်လျဉ်းသည့် အစည်းအဝေး သို့ တက်ရောက်ရန်အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးကျော်ဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့ သွားရောက်ခဲ့ပါသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကူးမင်းမြို့၌ ယူနန်-မြန်မာ နှစ်ဘက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။
