ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့် တွေ့ဆုံဆွေးနွေးခြင်း [1]
Posted on 20 February 2018
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ Senior Advisor ဖြစ်သူ Mr. Toru HOMMA သည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးအောင်နိုင်ဦးနှင့် ရန်ကုန်မြို့တွင် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၁၉) ရက်နေ့၌ လာရောက်တွေ့ဆုံပြီး Productivity Improvement in the Private and Public Sector နှင့်စပ်လျဉ်း၍ ဆောင်ရွက်မည့် သုတေသနဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါ သည်။
