ငွေကြေးဝန်ဆောင်မှုကဏ္ဍဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း [1]
မြန်မာ-ဗြိတိန်နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန်အတွက် ဗြိတိန် နိုင်ငံ၊ လန်ဒန်မြို့တွင် ငွေကြေးဝန်ဆောင်မှုကဏ္ဍဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ် မတ်လ ၅ ရက်နေ့တွင် လန်ဒန်မြို့ One Bishop Square၊ Allen and Overy ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး Mr. Douglas Barnes နှင့် Allen and Overy မှ Partner and Board Member၊ Mr. David Lee တို့မှ အဖွင့်အမှာစကားများ ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး၊ Special Economic Consultant to the State Counsellor of Myanmar ဖြစ်သူ Dr. Sean Turnell နှင့် ငွေရေးကြေးရေးကြီးကြပ်စစ်ဆေး ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန့်ဇင်တို့သည် Financial Services Sector Outlook စကားဝိုင်း ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံတွင် ငွေကြေးဝန်ဆောင်မှုကဏ္ဍဆိုင်ရာ ပြုပြင်ပြောင်းလဲမှု များနှင့် အနာဂတ်လမ်းကြောင်း ခေါင်းစဉ်ဖြင့် ပါဝင် ဆွေးနွေးခဲ့ပါသည်။

