ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


(၅) ကြိမ်မြောက် OECD-Southeast Asia Corporate Governance Initiative အစည်းအဝေးကျင်းပပြုလုပ်ခြင်း [1]

Posted on 28 March 2018

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာန၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် (SECM)၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့အစည်း (အိုအီးစီဒီ)နှင့် ဂျပန်နိုင်ငံ အစိုးရတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် (၅) ကြိမ်မြောက် OECD-Southeast Asia Corporate Governance Initiative အစည်းအဝေးကို ၂၀၁၈ခုနှစ် မတ်လ၂၈ ရက်နေ့တွင် Pan Pacific Hotel၊ ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးအား ကောင်းမွန်သော ကော်ပိုရိတ်စီမံအုပ်ချုပ်မှု မူဘောင်ဖွံ့ဖြိုး တိုးတက်ရေးရရှိရန်အတွက် ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် မြန်မာနိုင်ငံ တို့၏ ဆောင်ရွက်ချက်များ နှင့်စပ်လျဉ်း၍ ဆွေးနွေးကြရန်၊ ငွေကြေးစျေးကွက် ဖွံ့ဖြိုးတိုးတက်မှု နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်မှုများတိုးတက်စေရန်နှင့် မြန်မာနိုင်ငံ၏ ကော်ပိုရိတ် စီမံအုပ်ချုပ်မှု တိုးတက်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။

(၅) ကြိမ်မြောက် OECD-Southeast Asia Corporate Governance Initiative အစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ဂျပန် နိုင်ငံ၊ အီတလီနိုင်ငံ၊ နယူးဇီလန်နိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဟောင်ကောင်၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအို နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ Finance Watch၊ SokSiphana & Associates၊ Transparency International Cambodia နှင့် OECDမှ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ၊ မြန်မာ နိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာန/ ဦးစီးဌာနများမှ ကိုယ်စားလှယ်များ၊ စာရင်းဝင်ကုမ္ပဏီများ၊ အများနှင့်သက်ဆိုင်သော ကုမ္ပဏီများ၊ အများနှင့်သက်ဆိုင်သော ကုမ္ပဏီများဖြစ်လာရန် အလား အလာရှိသော ကုမ္ပဏီကြီးများ၊ မြန်မာနိုင်ငံ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်မှ ကိုယ်စားလှယ်များ၊ ဤဦးစီးဌာနရုံးချုပ်ရှိ ဌာနခွဲများနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ရုံးခွဲများမှ အရာထမ်းများ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကော်ပိုရိတ်စီမံအုပ်ချုပ်မှု (၂၀၁၅) နှင့် သက်ဆိုင်သည့် G20/ OECD စည်းမျဉ်းများနှင့်အညီ စဉ်းစားဆောင်ရွက်ရန် ရည်ရွယ်၍ အာဆီယံနိုင်ငံအတွင်း ကော်ပိုရိတ်စီမံအုပ်ချုပ်မှုနှင့်ပတ်သက်သည့် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့်အခွင့်အလမ်းများကို စကားဝိုင်းဆွေးနွေးပွဲပုံစံဖြင့် ဆွေးနွေးကြရာ OECD Senior Policy Analyst ဖြစ်သူ မစ္စဖီယာနာဂျာဒန့်က moderator အဖြစ် ဆောင်ရွက်ပြီး မလေးရှားနိုင်ငံ ငွေချေး သက်သေခံ လက်မှတ်ကော်မရှင် ကော်ပိုရိတ်အုပ်ချုပ်မှုဌာနခွဲမှ အကြီးတန်း မန်နေဂျာ မစ္စတာအိစမတ် အိဘာကရီ၊ စင်္ကာပူနိုင်ငံ စင်္ကာပူဒါရိုက်တာ အင်စတီကျုမှ ဥက္ကဋ္ဌဟောင်းဖြစ်သူ မစ္စတာ ဂျွန်လင်း၊ ထိုင်းနိုင်ငံ ဒါရိုက်တာ အသင်း အင်စတီကျုမှ ဒုတိယအကြီးအကဲ မစ္စအဒါအင် ဂါ၀နီနှင့် ဗီယက်နမ် အီကိုနိုမီကာအဖွဲ့မှ မန်နေဂျင်းဒါရိုက်တာ မစ္စတာလီဒူဘင်းတို့မှ ပါဝင် ဆွေးနွေးခဲ့ကြပါသည်။ ၎င်းနောက် အာဆီယံစီအယ်အမ်ဗီနိုင်ငံများ၏ ကော်ပိုရိတ် စီမံအုပ်ချုပ်မှု ဆိုင်ရာ လတ်တလော တိုးတက်မှု အခြေအနေများကို ဆွေးနွေးကြရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက မြန်မာနိုင်ငံ၏ လက်ရှိ ကော်ပိုရိတ်စီမံအုပ်ချုပ်မှု အခြေ အနေများကိုလည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ် များက ယင်းနိုင်ငံများ၏ ကော်ပိုရိတ်စီမံအုပ်ချုပ်မှု အခြေအနေများကိုလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားအား ညနေ ၆:၃၀နာရီအချိန်တွင် ညွှန်ကြား ရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် OECD မှ Senior Policy Analyst ဖြစ်သူ Ms. Fianna Jurdant တို့က နိဂုံးချုပ် အမှာစကား ပြောကြား၍ ရုပ်သိမ်းခဲ့ပါသည်။

၂၀၁၈ ခုနှစ် မတ်လ၂၉ ရက်နေ့တွင် Launch of the OECD – Myanmar Corporate Governance Reform Programme အား အဆိုပါ ဟိုတယ်၌ပင် ဆက်လက် ကျင်းပသွားမည် ဖြစ်ပါသည်။

 

 

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative