ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း [1]
Posted on 02 April 2018
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ (၃/၂၀၁၈)ကြိမ်မြောက် ဝန်ထမ်းများ ဆန္ဒ ဖော်ထုတ် ဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ရန်ကုန်ရုံးချုပ်၌ ညွှန်ကြား ရေးမှူးချုပ် ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ရာ ဌာနခွဲများမှ အရာထမ်း ၊ အမှုထမ်းများ တက်ရောက် ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်မှ IELTS Band Score 6.5 ရရှိသည့် အရာထမ်း ၅ ဦးအား ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ပါသည်။


