စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာမူဝါဒ ၊မဟာဗျူဟာနှင့်စပ်လျဉ်း၍ ဆွေးနွေးပို့ချခြင်း [1]
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်းများအား စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာနှင့် စပ်လျဉ်း၍ ကောင်းမွန်နှံ့စပ်စွာ သိရှိနားလည် စေရန်နှင့် စွမ်းဆောင်ရည်တိုးတက်စေရန် ရည်ရွယ်လျက် စက်မှုဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် ၂၀၁၈ ခုနှစ် ဧပြီလ ၂ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ရုံးချုပ်၌ ဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်နှင့် ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ အရာထမ်းများ အပါအဝင် စုစုပေါင်း(၁၀၀) ဦး တက်ရောက်ခဲ့ကြပါသည်။
စက်မှုဝန်ကြီးဌာနမှ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒနှင့် မဟာဗျူဟာများ အကြောင်းကို ၂.၄.၂၀၁၈ ရက်နေ့မှာ လာရောက်ဆွေးနွေးပို့ချခဲ့ပါတယ် ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် ဦးဆောင်၍ DICA မှ အရာထမ်း ၁၀၀ ဦး တက်ရောက်ခဲ့ပါသည်။

