ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


Springair Ace Co., Ltd. သို့ ကွင်းဆင်းစစ်ဆေးခြင်း [1]

Posted on 06 April 2018

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် CMP စနစ်ဖြင့် သိုးမွှေးရက်ထည် အမျိုးမျိုးနှင့် အဝတ်အထည်များ ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျှက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊မြောက် ဥက္ကလာပမြို့နယ်၊ ရန်ကုန်စက်မှုဇုန်၊ မြေတိုင်းရပ်ကွက်အမှတ် ၉၇နှင့် ၉၈ရှိ Springair Ace Co., Ltd.  သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန၊ စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် အလုပ်သမား ညွန်ကြားမှုဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ကုမ္ပဏီ၏ သုံးလပတ်အစီရင်ခံစာ၊ စက်ပစ္စည်းတပ်ဆင် ထားမှု အခြေအနေ၊ အလုပ်သမား ခန့်ထားမှု၊ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ်၊ ပုဂ္ဂလိက စက်မှု မှတ်ပုံတင် အခြေအနေ၊ ရင်းနှီး မြှုပ်နှံမှု ထည့်ဝင်မှုအခြေအနေ စသည် များ ကို ၂၀၁၈ ခုနှစ် ဧပြီလ ၄ ရက် နေ့တွင် သွားရောက် စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative