ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


Able Glad Myanmar Co., Ltd. သို့ ကွင်းဆင်းစစ်ဆေးခြင်း [1]

Posted on 11 April 2018

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် CMP စနစ်ဖြင့် အထည်ချုပ်လုပ်ခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် မြေကွက်အမှတ်-၅၃(က)၊ မြေတိုင်းရပ်ကွက်အမှတ်-၄၂၊ ရွှေပြည်သာ စက်မှုဇုန်၊  ရွှေပြည်သာမြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီးရှိ Able Glad Myanmar  Co., Ltd. သို့ ရင်းနှီးမြှုပ်နှံမှု နှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန နှင့် အလုပ်သမားညွန်ကြားမှုဦးစီးဌာန တို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များ ပါဝင်သည့် ကွင်းဆင်းစစ်ဆေး ရေးအဖွဲ့သည် ကုမ္ပဏီ၏ သုံးလပတ် အစီရင်ခံစာ၊ စက်ပစ္စည်း တပ်ဆင်ထားမှု အခြေအနေ၊ အလုပ်သမား ခန့်ထားမှု၊ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ်၊ ပုဂ္ဂလိက စက်မှုမှတ်ပုံတင် အခြေအနေ၊ ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်မှုအခြေ အနေစသည်များကို ၂၀၁၈ ခုနှစ် ဧပြီလ ၁၀ ရက် နေ့တွင် သွားရောက်စစ်ဆေးပြီး လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative