ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


အာရှ-ပစိဖိတ် စီးပွားရေးဆိုင်ရာဆွေးနွေးပွဲသို့တက်ရောက်ခြင်း [1]

Posted on 11 April 2018

စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးသည် အာရှ-ပစိဖိတ်ဆိုင်ရာစီးပွားရေးနှင့် လူမှုရေး ကော်မရှင် (ESCAP) နှင့် ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ၏ ဆန်းသစ်တီထွင်ရေးနှင့် နည်းပညာ ဗျူရိုတို့မှ ပူးပေါင်းစီစဉ်မှုဖြင့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ၌ ၂၀၁၈ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှ ၁၁ ရက်နေ့ အထိကျင်းပလျက်ရှိသည့် အာရှ-ပစိဖိတ် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်လျက်ရှိပါသည်။အဆိုပါ ဆွေးနွေးပွဲ ဒုတိယနေ့တွင် ညွှန်ကြားရေးမှူးချုပ်မှ Economic Outlook and Key Policy Challenges in Emerging Asia ခေါင်းစဉ်နှင့် စပ်လျဉ်းသည့် Enhancing Growth through Digitization စကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခဲ့ပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative