စတုတ္ထအကြိမ်မြောက် ၂၀၁၈ ခုနှစ် မဟာသင်္ကြန်ရုံးပိတ်ရက်အကြိုစတုဒီသာ ကျွေးမွေးပွဲကျင်းပခြင်း [1]
ရာသီပွဲတော်အလိုက် လှူဒါန်းကုသိုလ်ပြုကြတဲ့ ဓလေ့ထုံးစံအတိုင်း စတုတ္ထအကြိမ်မြောက်၂၀၁၈ ခုနှစ် မဟာသင်္ကြန် ရုံးပိတ်ရက်အကြို စတုဒီသာကျွေးမွေးပွဲအား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန တွင် ၂၀၁၈ခုနှစ် ဧပြီလ ၁၂ ရက်နေ့ ညနေပိုင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
စတုဒီသာကျွေးမွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ဌာနခွဲအလိုက် အစားသောက်မျိုးစုံဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြပါသည်။
အဆိုပါ စတုဒီသာကျွေးမွေးပွဲတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် တွဲဖက်အတွင်းရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီး ဌာနသို့ လာရောက်သည့် ဧည့်သည်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။






