နှစ်သစ် မင်္ဂလာ အန္တရယ်ကင်း ပရိတ်တရားတော် နာယူပွဲ ကျင်းပခြင်း [1]
Posted on 17 April 2018
၁၃၈၀ ခုနှစ် မြန်မာနှစ်သစ်မင်္ဂလာ အန္တရယ်ကင်း ပရိတ်တရားတော်နာယူပွဲကို ရန်ကုန်မြို့ရှိ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (ရုံးချုပ်) တွင် ၂၀၁၈ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ နေ့လည်တွင် ကျင်းပခဲ့ပါသည်။
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်ဝန်ထမ်းများက သုခိတာရာမ ရင်ငေး ကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူကြပြီး၊ သံဃာတော်များက အန္တရယ်ကင်း ပရိတ်တရားတော်များ ရွက်ဖတ် ခဲ့ကြပါသည်။
