ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


ကမ္ဘာ့ဘဏ်အဖွဲ့၏စီးပွားရေးလုပ်ငန်းများလွယ်ကူစွာဆောင်ရွက်နိုင်ခြင်း အကဲဖြတ်လွှာများအပေါ် ဆွေးနွေးခြင်း အစီအစဉ်ကျင်းပခြင်း [1]

Posted on 19 April 2018

ကမ္ဘာ့ဘဏ်အဖွဲ့၏ စီးပွားရေး လုပ်ငန်းများ လွယ်ကူစွာ ဆောင်ရွက်နိုင်ခြင်း အစီရင်ခံစာပါ စီးပွားရေး လုပ်ငန်း စတင်ဆောင်ရွက်ခြင်းနှင့် အနည်းစုရင်းနှီးမြှုပ်နှံသူများကို အကာအကွယ်ပေးခြင်း ကဏ္ဍများနှင့် ပတ်သက်၍ တိုးတက်မှု အခြေအနေများ ရှင်းလင်းညှိနှိုင်း ဆွေးနွေးခြင်း အစီအစဉ်အား ရန်ကုန်မြို့၌ ၂၀၁၈ ခုနှစ် ဧပြီလ ၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့် စီးပွားရေးနှင့် ဥပဒေရေးရာ အကြံပေး အဖွဲ့အစည်းများမှ တာဝန်ရှိသူ ၅၀ ဦးခန့် တက်ရောက်ခဲ့ပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative