ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း စားသုံးဆီ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မကွေးတိုင်းဒေသကြီးရှိ ဆီစက်လုပ်ငန်းရှင်များ၊ ဆီထွက်သီးနှံစိုက်ပျိုးသည့် တောင်သူများနှင့် တွေ့ဆုံခြင်း [1]

Posted on 23 April 2018

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းသည် မကွေးတိုင်းဒေသကြီး အတွင်းရှိ ဆီစက် လုပ်ငန်းရှင်များ၊ မကွေးမြို့နယ်နှင့် အောင်လံမြို့နယ်တို့မှ ဆီထွက်သီးနှံစိုက်ပျိုးသည့် တောင်သူများအား ၂၀၁၈ ခုနှစ် ဧပြီလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် မကွေးမြို့၊ နန်းထိုက်သူ ဟိုတယ် အစည်းအဝေးခန်းမ၌  တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာ၌ ပြည်ထောင်စုဝန်ကြီးမှ မြန်မာနိုင်ငံ၏ စားသုံးဆီ ကဏ္ဍဖွံ့ဖြိုး တိုးတက် ရေးအတွက် နိုင်ငံတော်မှ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ နှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပြီး တက်ရောက်လာသော တောင်သူလယ်သမားများ၏ တွေ့ကြုံနေရသော အခက်အခဲ များအား တင်ပြဆွေးနွေးစေခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ ပြန်လည်ရှင်းလင်း ဆွေးနွေး ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ ဆီစက် လုပ်ငန်းရှင်များနှင့် တောင်သူများ စုစုပေါင်း (၁၂၀) ဦးတက်ရောက်ခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  မကွေးမြို့ပေါ်ရှိ အမေထွားဆီစက်၊ စိုး ဆီစက်၊ ဂွတ်ဘရားသားစ် ကုမ္ပဏီလီမိတက်၏  နွားသားစပ် မွေးမြူထုတ်လုပ်ခြင်းလုပ်ငန်းများသို့ သွားရောက်၍ လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ပြီး မကွေးလေဆိပ်တွင် လေကြောင်းလိုင်းများ ပြန်လည် ပြေးဆွဲနိုင်မည့် အလားအလာကို သွားရောက် ကြည့်ရှုခဲ့ပါသည်။

 

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative