ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်မြို့ရှိ Irrawaddy Fisheries Development Co., Ltd.သို့ ကွင်းဆင်းစစ်ဆေးခြင်း [1]
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်းနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ငွေဆောင်မြို့၌ ပုစွန်အသားတိုး မွေးမြူရေး လုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် Irrawaddy Fisheries Development Co., Ltd.၏ ပုစွန်မွေးမြူရေး ကန်များ အဆင့်မြှင့်တင် တူးဖော်ဆောင်ရွက်နေမှုများ၊ အလယ်ချောင် ပုစွန်အသားတိုးမွေးမြူရေး စခန်း၌ ပုစွန်သားဖောက်ကန်များတူးဖော်နေမှုနှင့် Farming Technologies ဖြင့်ခေတ်မီ ပုစွန်ကန် များတူးဖော်ပြီးအောက်ခံပလတ်စတစ်ပြားများ ခင်းကျင်းနေမှုကို လှည့်လည်ကြည့်ရှု့ခဲ့ပြီး နိုင်ငံခြား ဝင်ငွေများစွာရှာဖွေပေးမည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိမည့် လုပ်ငန်းဖြစ်ကြောင်း၊ အမြန်ဆုံး ဆောင်ရွက် သွားရန်နှင့် လိုအပ်သည်များကို အားပေးကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။



