မန္တလေးမြို့တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ၊နည်းဥပဒေ၊လုပ်ထုံးလုပ်နည်းဆိုင်ရာ သတင်းအချက်အလက်များ ဖြန့်ဝေဆွေးနွေးခြင်း အခမ်းအနားကျင်းခြင်း [1]
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ဦးဆောင်၍ ဂျာမဏီ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (GIZ) ၏ပံ့ပိုးမှုဖြင့် “မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ၊နည်းဥပဒေ၊လုပ်ထုံးလုပ်နည်းများ ရှင်းလင်းဆွေးနွေးခြင်း အခမ်း အနား”အား ၂၀၁၈ ခုနှစ် ဧပြီလ ၂၄ ရက်(အင်္ဂါ) နေ့တွင် မန္တလေးမြို့ ၊မန္တလေး တိုင်းဒေသကြီး ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၌ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ဒုတိယ ညွှန်ကြားရေးမှူချုပ်တို့မှ အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များနှင့် စီးပွားရေး လုပ်ငန်းရှင်များ စုစုပေါင်း (၉၂) ဦးခန့် တက်ရောက်ဆွေးနွေးခဲ့ ကြပါသည်။




