ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


DaNa Facility နှင့် Myantrade တွေ့ဆုံဆွေးနွေးခြင်း [1]

Posted on 25 April 2018

DaNa Facility မှ Team Leader ဖြစ်သူ Mr.Peter Brimble ဦးဆောင်သောအဖွဲ့နှင့် မြန်မာ့ ကုန်သွယ်မှုမြင့်တင်ရေးအဖွဲ့ Myantrade မှ တာဝန်ရှိသူများသည် ၂၀၁၈ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် လာရောက် တွေ့ဆုံ၍ အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက်လက် ဆောင်ရွက်မည့် အစီအမံများနှင့် စပ်လျဉ်း၍ ဆွေးနွေး ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းလည်း တက်ရောက်ခဲ့ ပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative