ရန်ကုန်မြို့တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ၊နည်းဥပဒေ၊လုပ်ထုံးလုပ်နည်းဆိုင်ရာ သတင်းအချက်အလက်များ ဖြန့်ဝေဆွေးနွေးခြင်း အခမ်းအနားကျင်းခြင်း [1]
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ဦးဆောင်၍ ဂျာမဏီ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (GIZ)၏ ပံ့ပိုးမှုဖြင့် “မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားအား ၂၀၁၈ ခုနှစ် ဧပြီလ ၂၇ ရက် (သောကြာ)နေ့တွင် ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ သစ္စာလမ်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၌ ကျင်းပခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်မှ အဖွင့်အမှာစကားနှင့် ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးမှ အမှာစကား ပြောကြားပေးခဲ့ပြီး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များ စုစုပေါင်း(၂၀)ဦးခန့် တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

