Great Wall Wilmer Holding Co., Ltd သို့ ကွင်းဆင်းစစ်ဆေးခြင်း [1]
Posted on 02 May 2018
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ မောင်းကုန်းကျေးရွာတွင် သကြား၊ ဓာတ်မြေဩဇာ နှင့် အီသနော ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် Great Wall Wilmer Holding Co., Ltd တို့သို့ ၂၀၁၈ ခုနှစ် မေလ ၁ ရက်နေ့တွင် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား သွားရောက်စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။


