ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


CEO Conference 2018 ကျင်းပခြင်း အခမ်းအနား [1]

Posted on 11 May 2018

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ကြီးမှူး၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီဌာနနှင့် 7 Day TVတို့ ပူးပေါင်းကျင်းပသည့် CEO Conference 2018 ကို  ၂၀၁၈ ခုနှစ်၊ မေလ ၁၁ ရက်နေ့တွင်  ရန်ကုန်မြို့ရှိ  Novotel Yangon Max Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

 ဖွင့်ပွဲအခမ်းအနားတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ စစ်ကိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် 7 Day TV  အမှုဆောင်အရာရှိချုပ် ဦးသောင်စုငြိမ်း တို့မှစက်ခလုတ်နှိပ်၍ ဖွင့်လှစ် ပေးခဲ့ပါသည်။

စစ်ကိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့မှ အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ပြည်တွင်း ပြည်ပမှ သတင်း မီဒီယာများ စုစုပေါင်း (၅၀၀) ကျော် တက်ရောက် ခဲ့ကြပါ သည်။

အခမ်းအနားအစီအစဉ်အရ “Economic Policies and Regulatory Reforms, Myanmar's Industrial Transformation, International Investment Promotion and Financial Innovation” စကားဝိုင်းဆွေးနွေးပွဲများကျင်းပ ပြုလုပ်ခဲ့ပါသည်။

 

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative