ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


တတိယအကြိမ်မြောက် MSMEs ဒေသတွင်း ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ပါဝင်ပြသခြင်း [1]

Posted on 14 May 2018

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကျင်းပသော တတိယအကြိမ်မြောက် MSMEs ဒေသတွင်း ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ် မေလ ၁၂ ရက်နေ့တွင် ပုသိမ်မြို့ရှိ မြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဒုတိယ သမ္မတဦးမြင့်ဆွေ တက်ရောက် ဖွင့်လှစ်ပေးပါသည်။ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ် နှင့်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ခဲ့ပါသည်။ အဆိုပါပြပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ(ARIC)၊ ဧရာဝတီတိုင်းဒေသ ကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တိုင်းဦးစီးမှူးရုံးမှ ရင်းနှီး မြှုပ်နှံမှု မြှင့်တင်ရေးပြခန်းဖြင့် ဝင်ရောက်ပြသခဲ့ပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative