ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် လုပ်ငန်းခွင်လက်တွေ့လေ့လာရေးဆောင်ရွက်ကြသည့် ကျောင်းသားကျောင်းသူများ တွေ့ဆုံပွဲ အခမ်းအနား ကျင်းပခြင်း [1]

Posted on 23 May 2018

ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ဖွံ့ဖြိုးမှုပညာဌာနမှ ဖွံ့ဖြိုးမှုပညာ ဘွဲ့တက်ရောက်နေသော ကျောင်းသူ/ ကျောင်းသားများနှင့် ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်မှ ပြင်သစ်ဘာသာ ဝိဇ္ဇာဘွဲ့ကြို တက်ရောက်နေသော ကျောင်းသူ/ကျောင်းသားများအား လုပ်ငန်းသဘောတရားများကို နားလည်ပြီး အလုပ်ခွင်တွင် အဆင်ပြေစွာ လုပ်ကိုင်နိုင်ရန်၊ လုပ်ငန်းကျွမ်းကျင်ရန်၊ ပေါင်းသင်းဆက်ဆံမှုကောင်းမွန်ရန် စသည့်ရည်ရွယ်ချက်များဖြင့် လုပ်ငန်းခွင် လက်တွေ့လေ့လာရေးသင်တန်းကို မေလ ၁ ရက်နေ့မှ ၃၁ နေ့အထိ ကျင်းပလျက်ရှိပါသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးမှ ကျောင်းသား ကျောင်းသူများအနေဖြင့် မိမိကိုယ်တိုင် အတွက်သာမက နိုင်ငံတော်အတွက်ပါ တန်ဖိုးရှိသည့်အနာဂတ် ခေါင်းဆောင်ကောင်းများဖြစ်အောင် အမြဲမပြတ် လေ့လာဆည်းပူးသွားကြရန် တွေ့ဆုံမှာကြားခဲ့ပါသည်။ ထို့နောက် Myanmar Invesment Guide 2018 စာအုပ်အား ပြင်သစ်ဘာသာသို့ ဘာသာပြန်ဆိုပေးသော ကျောင်းသားနှစ်ဦးအား ညွှန်ကြားရေးမှူးချုပ်မှ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ပါသည်။ အခမ်းအနားသို့ လုပ်ငန်းခွင် လက်တွေ့လေ့လာရေးဆောင်ရွက်ကြသည့် ကျောင်းသားကျောင်းသူများ အပါအဝင်စုစုပေါင်း ၃၃ဦး တတ်ရောက်ခဲ့ပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative