Myanmar Japan Rice Industry Co., Ltd. သို့ ကွင်းဆင်းစစ်ဆေးခြင်း [1]
Posted on 25 May 2018
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသော တွံတေးမြို့နယ်၊ ရန်ကုန် တောင်ပိုင်းခရိုင်၊ ရန်ကုန်တိုင်းဒေသကြီးရှိ Myanmar Japan Rice Industry Co., Ltd. သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင် သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ၂၀၁၈ ခုနှစ်၊ မေလ၂၄ ရက်နေ့တွင် စက်ရုံတည်ဆောက်ရေး အခြေအနေများအား သွားရောက်စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါ သည်။

