ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


ထားဝယ်ရွှေပြည် ကုမ္ပဏီလီမိတက် သို့ ကွင်းဆင်းစစ်ဆေးခြင်း [1]

Posted on 30 May 2018

တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်း ဦးဆောင်၍ တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာနမှ တာဝန်ရှိသူများ ပါဝင်သောအဖွဲ့သည် ၂၀၁၈ ခုနှစ် မေလ ၂၉ ရက်နေ့ တွင် တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့၊ သဗျာကျေးရွာတွင် တည်ရှိသော ထားဝယ်ရွှေပြည် ကုမ္ပဏီလီမိတက်သို့ တည်ဆောက်ရေး ကာလ တိုးမြှင့်ပေးရန်အတွက် ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။ တာဝန်ရှိပုဂ္ဂိုလ်များပါဝင်သည့်အဖွဲ့က ကုမ္ပဏီ၏ တန်ဖိုးမြင့် ရာဘာထုတ်ကုန်များ ထုတ်လုပ်ရန်၊ အဆိုပါ လုပ်ငန်းအား ဒေသတွင်းနှင့် တစ်ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှုကွင်းဆက်တွင် ချိတ်ဆက် ထားသည့် ကုန်ထုတ်လုပ်မှုမြှင့်တင်နိုင်သော လုပ်ငန်းအဖြစ် ဆက်လက်ဆောင်ရွက်သွားရန် ပေါင်းစပ် ညှိနှိုင်း ဆွေးနွေးခဲ့ပါသည်။

 

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative