ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ်(၆) သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း [1]

Posted on 04 June 2018

အသစ်ခန့်အပ်လိုက်သော ဝန်ထမ်းများနှင့် ဌာနကူးပြောင်း ရောက်ရှိလာသော ဝန်ထမ်းများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် စပ်လျဉ်းသော ဥပဒေနှင့်နည်းဥပဒေများ၊ ကုမ္ပဏီမှတ်ပုံတင်ခြင်း ဆိုင်ရာ ဥပဒေနှင့်လုပ်ထုံးလုပ်နည်းများကို သိရှိနားလည် လိုက်နာစေရန်နှင့် လက်တွေ့ဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းစဉ်များအား အကျွမ်းတဝင်သိရှိစေရန် ရည်ရွယ်၍ ရက်သတ္တပတ် (၆) ပတ်ကြာ ဖွင့်လှစ် မည့် ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၆) ဖွင့်ပွဲ အခမ်းအနားကို ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်)၌ ၂၀၁၈ ခုနှစ်၊ ဇွန်လ ၄ ရက်၊ နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ ပါသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ နှင့် သင်တန်းသား သင်တန်းသူ(၈၆)ဦး စုစုပေါင်း (၁၂၀) ဦး တက်ရောက်ခဲ့ ပါသည်။ သင်တန်းကာလမှာ ၂၀၁၈ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့မှ  ဇူလိုင်လ ၁၃ ရက်နေ့အထိ ရက်သတ္တပတ်(၆)ပတ်ကြာ ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative