ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


“မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေနှင့် မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ ရှင်းလင်းဆွေးနွေးခြင်း” အခမ်းအနား ကျင်းပခြင်း [1]

Posted on 11 June 2018

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ဦးဆောင်၍ ဂျာမနီ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (GIZ) ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ နည်းဥပဒေများ၊ မြန်မာ နိုင်ငံ ကုမ္ပဏီများ  ဥပဒေ နှင့် စပ်လျဉ်းသည့် ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနား ကို ၂၀၁၈ ခုနှစ် ဇွန်လ ၁၁ ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကရင်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီး ဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပုဂ္ဂလိက အသင်းအဖွဲ့များနှင့် စီးပွားရေး လုပ်ငန်းရှင်များ စုစုပေါင်း (၉၀) ဦး တက်ရောက်ခဲ့ပါသည်။

 

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative