ဗီယက်နမ်နိုင်ငံ၊ဟိုချီမင်းမြို့ရှိ Pou Chen Group စက်ရုံသို့ ကုန်ချောတစ်ဝက်တစ်ပျက် သယ်ယူသည့်စနစ်နှင့် စပ်လျဉ်းသည့် လုပ်ထုံးလုပ်နည်းများနှင့် နည်းစနစ်များကို လေ့လာရန်ထွက်ခွာခြင်း [1]
Posted on 12 June 2018
ဗီယက်နမ်နိုင်ငံ၊ဟိုချီမင်းမြို့ရှိ Pou Chen Group စက်ရုံသို့ ၂၀၁၈ခုနှစ် ဇွန်လ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကုန်ချောတစ်ဝက်တစ်ပျက် သယ်ယူသည့်စနစ်နှင့် စပ်လျဉ်းသည့် လုပ်ထုံးလုပ်နည်းများ နှင့်နည်းစနစ်များကို လေ့လာရန်အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၈ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ နေ့လည်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားပါသည်။
