ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


“Formulating the Chin State Investment Promotion and Facilitation Strategy Workshop” ကျင်းပခဲ့ခြင်း [1]

Posted on 13 June 2018

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးနှင့် DaNa Facility တို့ ပူးပေါင်းကာ ချင်းပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမြှင့်တင်ခြင်းနှင့် ရှင်းလင်းလွယ်ကူသော မဟာဗျူဟာများဖော်ဆောင်ရာတွင် လိုအပ်သည့် အသိပညာနှင့် စွမ်းဆောင်ရည်များ တိုးမြင့်လာစေရန် ရည်ရွယ်၍ “Formulating the Chin State Investment Promotion and Facilitation Strategy Workshop”အား ၂၀၁၈ ခုနှစ် ဇွန်လ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ ချင်းပြည်နယ်၊ ဟားခါးမြို့၊ စီမံကိန်း ရေးဆွဲရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

 အခမ်းအနားတွင် ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်နှင့် Da Na Facility မှ Mr. Peter တို့မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ Da Na Facility မှ Mr. Peter မှ ချင်းပြည်နယ် အတွင်း ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေးအတွက် မဟာဗျူဟာ စီမံကိန်းများရေးဆွဲရာ တွင် အထောက်အပံ့ ဖြစ်စေနိုင်မည့် အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးမှ ချင်းပြည်နယ်အတွင်း ရင်းနှီး မြှုပ်နှံမှုမြှင့်တင်နိုင်မည့် ကဏ္ဍများအား ရှင်းလင်းတင်ပြခဲ့ပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ချင်းပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးဝီကောနှင့် Da Na Facility မှ Mr. Peter နှင့်အဖွဲ့သားများ၊  ပြည်နယ် အဆင့် ဌာနဆိုင်ရာများမှ အရာရှိများ၊  ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ချင်းပြည်နယ် ဦးစီးမှူး ရုံးမှ ဝန်ထမ်းများ စုစုပေါင်း(၃၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။အလုပ်ရုံ ဆွေးနွေးပွဲအား၂၀၁၈ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ ညနေ ၅:၃၀ တွင် ရုတ်သိမ်းခဲ့ပါသည်။

 

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative