ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


Star Dragon (Myanmar) Enterprise., Ltd. သို့ ကွင်းဆင်းစစ်ဆေးခြင်း [1]

Posted on 13 June 2018

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်အမှတ်(၈၉၃/၂၀၁၅)ဖြင့် CMP စနစ်ဖြင့် ဇာပန်းထိုး၊ ဇာပန်းကပ် ချုပ်လုပ်ခြင်းလုပ်ငန်းနှင့် အထည်ချုပ်လုပ်ခြင်းလုပ်ငန်း (စက်ရုံအမှတ်-၁) ဆောင်ရွက်လျက် ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊လှိုင်သာယာမြို့နယ်၊မြေကွက်အမှတ်-၁၇၉+ ၁၈၀၊မြေတိုင်းရပ်ကွက်အမှတ် အပိုင်း(၅/တိုးချဲ့)၊ စက်မှုဇုန်(၅)ရှိ Star Dragon (Myanmar)Enterprise., Ltd.  သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေး ရေးဦးစီးဌာနနှင့် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်း စစ်ဆေးရေး အဖွဲ့သည် ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်မှုအခြေအနေ၊ ပြည်တွင်းပြည်ပ ဝန်ထမ်းခန့်ထားမှု အခြေ အနေ၊ စက်ပစ္စည်းတင်သွင်း၊ တပ်ဆင်ထားမှု အခြေအနေ၊ကုန်ပစ္စည်း ထုတ်လုပ်နိုင်ရေးနှင့် ဝန်ဆောင်မှု ဆောင်ရွက်ထားရှိမှု၊ ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ၂၀၁၈ ခုနှစ် ၊ ဇွန်လ ၁၂  ရက်နေ့တွင် သွားရောက် စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါ သည်။

 

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative