ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၈/၂၀၁၈) ကြိမ်မြောက် အစည်းအဝေး [1]

Posted on 14 June 2018

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၈/၂၀၁၈) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဇွန်လ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ကော်မတီအဖွဲ့ဝင်များတက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ဥက္ကဋ္ဌက ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးမြှင့်လာစေရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုဆွေးနွေးမှာကြားခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၅ ခု ကို အတည်ပြု ပေးခဲ့ပါသည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ၁၂.၁၃၂  သန်းဖြစ်ပြီး   ပြည်တွင်း  အလုပ်အကိုင် အခွင့်အလမ်း ၃၇၇၂ ဦး အတွက် ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။

၂၀၁၇ ခုနှစ် သြဂုတ်လမှ ၂၀၁၈ ခုနှစ် ဇွန်လ ၁၃ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှု ကော်မတီအနေဖြင့် စက်မှုကဏ္ဍနှင့် အခြားဝန်ဆောင်မှုကဏ္ဍတို့တွင် စင်ကာပူနိုင်ငံ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ ဂျပန်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့်British Virgin Islandsနိုင်ငံတို့မှ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု လုပ်ငန်း ၅၀ ခု နှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၄ ခု၊ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၆၄ ခု တို့အား အတည်ပြုမိန့်များ ထုတ်ပေးခဲ့ပြီး၊ မတည်ငွေရင်း ပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၈၀.၃၁၅ သန်းနှင့် မြန်မာကျပ်ငွေ ၃၁၂၅၄.၄၆၅ သန်း၊ အလုပ်အကိုင် အခွင့်အလမ်း၂၉၈၇၉ဦးအတွက် ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသူများအနေဖြင့် မတည်ငွေရင်း ပမာဏ အမေရိကန်ဒေါ်လာ ၅ သန်း (သို့)  ကျပ်သန်း ၆၀၀၀ အထိရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ အတည်ပြု လျှောက်ထားလွှာများကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၊ မြေကွက်အမှတ် ၄၉၊ စိမ်းလဲ့မေလမ်းသွယ်၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊  ရန်ကုန်မြို့ တယ်လီဖုန်းအမှတ် ၉၅-၀၁-၆၅၈၂၆၃သို့ ဆက်သွယ် မေးမြန်း လျှောက်ထားနိုင်ပါသည်။

 

 

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ

 

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative