ဗီယက်နမ်နိုင်ငံ၊ဟိုချီမင်းမြို့သို့ လေ့လာရေးခရီးစဉ် သွားရောက်ခြင်း [1]
Posted on 15 June 2018
၂၀၁၈ခုနှစ် ဇွန်လ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ Pou Chen Group စက်ရုံသို့ ကုန်ချော တစ်ဝက်တစ်ပျက် သယ်ယူသည့်စနစ်နှင့် စပ်လျဉ်းသည့် လုပ်ထုံးလုပ်နည်းများနှင့် နည်းစနစ် များကို လေ့လာရန်အတွက် ဗီယက်နမ်နိုင်ငံ၊ဟိုချီမင်းမြို့သို့ ရောက်ရှိနေသည့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၈ ခုနှစ် ဇွန်လ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် General Customs Department သို့ သွားရောက်၍ Deep Procressing Transit စနစ် အား လေ့လာ ခဲ့ကြပြီး ညနေပိုင်းတွင် Tan Tao Industrial Park ရှိ PAIHO စက်ရုံ၏ Deep Procressing Transit ဖြင့် ဆောင်ရွက်နေသည့် အခြေအနေများကို လက်တွေ့သွားရောက် လေ့လာခဲ့ကြပါ သည်။

