ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


ချက်သမ္မတနိုင်ငံသို့ လေ့လာရေးခရီးသွားရောက်ခြင်း [1]

Posted on 18 June 2018

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် ဦးဆောင်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ပြည်တွင်းအခွန်များ ဦးစီးဌာနနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများပါဝင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၈ ခုနှစ် ဇွန်လ ၁၈ ရက်နေ့မှ ၂၂ ရက်နေ့အထိ ချက်သမ္မတနိုင်ငံသို့ လေ့လာရေးခရီးသွားရောက်ရန်အတွက် ဇွန်လ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်လေဆိပ်မှ ထွက်ခွာသွားပါသည်။

အဆိုပါအဖွဲ့သည် ချက်သမ္မတနိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာနသို့ သွားရောက်၍ နိုင်ငံခြား ရင်းနှီး မြှပ်နှံမှု အကာအကွယ်ပေးမှုဆိုင်ရာ စီရင်ဆုံးဖြတ်ခြင်းများ၊ အီးယူနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှု အခြေအနေများ၊ အခွန်ဆိုင်ရာကိစ္စရပ်များကို လေ့လာကြမည်ဖြစ်ပြီး ချက်သမ္မတနိုင်ငံ လွှတ်တော် သို့လည်း သွားရောက်လေ့လာကြမည်ဖြစ်ပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative