ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


“မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေနှင့် မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ ရှင်းလင်းဆွေးနွေးခြင်း” အခမ်းအနား ကျင်းပခြင်း [1]

Posted on 22 June 2018

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ဦးဆောင်၍ ဂျာမဏီ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (GIZ)၏ ပံ့ပိုးမှုဖြင့် “မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ နည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားအား ၂၀၁၈ ခုနှစ် ဇွန်လ ၂၂ ရက်နေ့ တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၊ ပုသိမ်ဟိုတယ်၌ ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့်မှ အမှာစကား အသီးသီး ပြောကြားခဲ့ပြီး တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ စုစုပေါင်း(၁၂၀)ဦးခန့် တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

 

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative