ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် Foreign Chambers of Commerce မှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံဆွေးနွေးခြင်း [1]

Posted on 22 June 2018

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ ဦးသောင်းထွန်းသည် American Chamber of Commerce (AMCHAM)၊ Australian Chamber of Commerce (AustCham)၊ British Chamber of Commerce in Myanmar၊ European Chambers of Commerce (EUROCHAM)  တို့မှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ကိုယ်စားလှယ်များနှင့် ၂၀၁၈ ခုနှစ် ဇွန်လ ၂၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ Me   lia ဟိုတယ်၌ တွေ့ဆုံခဲ့ကြပြီး၊ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့် အပါအဝင် ကော်မရှင် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative