ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တတိယအကြိမ် ရပ်ဝန်းနှင့်လမ်းကြောင်း ညီလာခံ သို့ တက်ရောက်ရန် ဟောင်ကောင်သို့ ထွက်ခွာခြင်း [1]

Posted on 26 June 2018

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းဦးဆောင်သော မြန်မာ ကိုယ်စားလှယ် အဖွဲ့သည် ဟောင်ကောင်တွင် ကျင်းပပြုလုပ်မည့် တတိယအကြိမ် ရပ်ဝန်းနှင့်လမ်းကြောင်း ညီလာခံ (The 3rd Belt and Road Summit) သို့ တက်ရောက်ရန် အတွက် ယနေ့တွင် ရန်ကုန်လေဆိပ်မှ ထွက်ခွာသွားပါသည်။

အဆိုပါ ညီလာခံကို ဟောင်ကောင် ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ဗဟိုဌာနမှ စီစဉ်ခြင်းဖြစ်ပြီး ဇွန်လ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ဟောင်ကောင်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ မြန်မာ ကိုယ်စားလှယ် အဖွဲ့တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနအသီးသီးမှ အဆင့်မြင့်အရာရှိကြီးများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များ အသင်းချုပ်မှ ကိုယ်စားလှယ်များ ပါဝင်ပါသည်။

တတိယအကြိမ် ရပ်ဝန်းနှင့်လမ်းကြောင်း ညီလာခံ (3rd Belt and Road Summit) ၏ အစီအစဉ်တွင် ပါဝင်သော ရပ်ဝန်းနှင့်လမ်းကြောင်းဖိုရမ်ကို ဇွန်လ ၂၈ ရက်နေ့တွင် ကျင်းပမည် ဖြစ်ပြီး မြန်မာရင်းနှီး မြှုပ်နှံမှု စကားဝိုင်းနှင့် မြှင့်တင်ရေး ဆွေးနွေးပွဲ တို့ကို ဇွန်လ ၂၉ ရက်နေ့တွင် ကျင်းပမည် ဖြစ်ပါသည်။

 

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative