OSS Standard Operating Procedures နှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပခြင်း [1]
ဂျပန်အပြည်အပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ၏"The Project on Enhancement of Investment Promotion and Export Development" ၏ အပိုင်းတစ်ရပ်အရ ရေးဆွဲထားသော OSS Standard Operating Procedures (Draft) နှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံး၊ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါ အစည်း အဝေးတွင် Standard Operating Procedures (မူကြမ်း)တွင် ပါဝင်သော ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံ မီးသတ်ဌာနချုပ်တို့မှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြပါ သည်။
အဆိုပါဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် သက်ဆိုင်ရာဌာနများမှ အရာထမ်းများ အပါအဝင် စုစုပေါင်း(၁၂)ဦး တက်ရောက်ခဲ့ကြပါသည်။

