ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


မြန်မာရင်းနှီးမြှုပ်နှံမှုစကားဝိုင်းဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်း [1]

Posted on 29 June 2018

မြန်မာရင်းနှီးမြှုပ်နှံမှုစကားဝိုင်းဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် ဟောင်ကောင်၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင်  မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်းမှ အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးမှ ဦးဆောင်၍ မြန်မာနိုင်ငံ၏ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

အဆိုပါ စကားဝိုင်းဆွေးနွေးပွဲသို့ တရုတ်၊ ဟောင်ကောင်နှင့် မြန်မာနိုင်ငံမှ ကိုယ်စားလှယ် များနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative