ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/ ၂၀၁၈) ကြိမ်မြောက် အစည်းအဝေးကျင်းပခဲ့ခြင်း [1]

Posted on 02 July 2018

ချင်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/ ၂၀၁၈) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့တွင် ချင်းပြည်နယ်၊ ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်နှင့် ကော်မတီအဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။

အဆိုပါ အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံသူမှ တင်ပြလာသော အတည်ပြုမိန့်လျှောက် ထားလွှာအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီစိစစ်ခြင်း၊ ဆွေးနွေးခြင်းနှင့် ကွင်းဆင်း စစ်ဆေးမှုအစီရင်ခံစာအား ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ချင်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီသို့ တင်ပြလာသည့် ဟိုတယ် ဝန်ဆောင်မှုလုပ်ငန်း (၁) ခုအား ကော်မတီဥက္ကဋ္ဌမှ  အတည်ပြုမိန့် ပေးအပ်ခဲ့ပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative