ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၅/၂၀၁၈) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း [1]

Posted on 04 July 2018

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ တင်ပြလာသည့် အတည်ပြုချက်များအပေါ် ဆွေးနွေးစိစစ်မှု ပြုရန်အတွက် မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၁၈)ကြိမ်မြောက် အစည်း အဝေးကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အဖွဲ့ဝင်များဖြစ်သော တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဦးမြတ်သူ၊ တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင် နှင့် အခြားအဖွဲ့ဝင် (၄) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံသူမှ တင်ပြလာသောအတည်ပြုမိန့် လျှောက်ထားလွှာများ အား စိစစ်ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။

မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၅/၂၀၁၈) ကြိမ်မြောက် အစည်းအဝေးမှ  လျှောက်ထားလွှာ တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၃)ခုအား အတည်ပြုမိန့် ခွင့်ပြုပေးရန် ဆုံးဖြတ်ခဲ့ပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative