ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


အမိန့်ကြော်ငြာစာ အမှတ် ( ၅၆ /၂၀၁၈) မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇ ) အရ သတ်မှတ်ဖော်ပြထားသည့် ပုံစံများ [1]

Posted on 10 July 2018

 

ပြည်‌‌ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စီမံကိန်းနှင့်ဘဏ္ဍာရေး၀န်ကြီးဌာန

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန

အမိန့်ကြော်ငြာစာ အမှတ်  (    ၅၆    /၂၀၁၈)

ရန်ကုန်၊ ၁၃၈၀  ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော်   ၁၃     ရက်

 (၂၀၁၈  ခုနှစ် ဇူလိုင်လ    ၁၀   ရက်)

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇ ) အရ သတ်မှတ်ဖော်ပြထားသည့် ပုံစံများ

မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ (၂၀၁၇) ပုဒ်မ ၄၆၂ (က) အရ အပ်နှင်းထားသည့် အာဏာများကို ကျင့်သုံး၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသည် ဤအမိန့် ကြော်ငြာစာကို ထုတ်ပြန် လိုက်သည်။

၁။       မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) အရ   မှတ်ပုံတင်အရာရှိထံ   ပေးပို့တင်ပြရမည့် သတ်မှတ် ဖော်ပြထားသည့်ပုံစံများကို ဤအမိန့်ကြော်ငြာစာ၏ နောက်ဆက်တွဲ ဇယား (၁) တွင် ဖော်ပြ ထားသည်။

၂။         မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇)   ပုဒ်မ ၈၃ (ဂ) အရ  ကုမ္ပဏီတစ်ခုတွင် အစုရှယ်ယာများ နှင့် ကုမ္ပဏီရှိအခြားမှတ်ပုံတင်ထားသော အကျိုးခံစားခွင့်များကို  လွှဲပြောင်းသည့် စာရွက်စာတမ်း သည် စာဖြင့်ရေးသားထားရမည်ဖြစ်ပြီး ကုမ္ပဏီ၏ ဒါရိုက်တာများက သတ်မှတ်ထားသည့် သို့မဟုတ် လက်ခံသဘောတူညီထားသော ပုံစံဖြင့် တင်ပြရ မည်။

၃။       နောက်ဆက်တွဲ ဇယား (၁) ၌ သတ်မှတ်ဖော်ပြထားသည့် ပုံစံများတွင် ဖော်ပြထားသော ကိစ္စများနှင့်စပ်လျဉ်း၍ ၎င်းပုံစံကို အသုံးပြုရမည့်အပြင် မှတ်ပုံတင်အရာရှိက ညွှန်ကြား သည့် နည်းလမ်းအတိုင်း အီလက်ထရောနစ် မှတ်ပုံတင်စနစ်တွင် အီလက်ထရောနစ်နည်း လမ်းဖြင့် ဆောင်ရွက်ခြင်းအပါအ၀င် မှတ်ပုံတင်အရာရှိထံ ပေးပို့တင်ပြရမည်။  သတ်မှတ် ဖော်ပြထားသည့် ပုံစံကို အသုံးမပြုပါက  မှတ်ပုံတင် အရာရှိသည် အီလက်ထရောနစ် မှတ်ပုံတင်စနစ်အပါအ၀င် ပုံစံ သို့မဟုတ် စာရွက်စာတမ်း တစ်ခုခု ပေးပို့တင်ပြခြင်းကို လက်ခံရန် ငြင်းဆိုနိုင်သည်။

၄။       ဤအမိန့်ကြော်ငြာစာတွင် ဖော်ပြထားသည့် “အီလက်ထရောနစ် မှတ်ပုံတင် စနစ်” ဆိုသည်မှာ မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ (၂၀၁၇) ပုဒ်မ ၄၂၁ အရ မှတ်ပုံတင် အရာရှိက တည်ထောင်ထားသောအီလက်ထရောနစ်နည်းပညာဖြင့်မှတ်ပုံတင်စနစ်ကိုဆိုလိုသည်။

၅။       ဤအမိန့်ကြော်ငြာစာသည် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှ စတင်အကျိုးသက်ရောက် စေရမည်။

 

 

                                                                                                                                                                                                                                                                 အောင်နိုင်ဦး

                                                                                                                                                                                                                                                                   ညွှန်ကြားရေးမှူးချုပ်

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇ ) အရ သတ်မှတ်ဖော်ပြထားသည့် ပုံစံများ

နောက်ဆက်တွဲ ဇယား(၁)

ပုံစံ

အကြောင်းအရာ

ပုံစံ က-၁

အစုရှယ်ယာများဖြင့် ကန့်သတ်ထားသည့် အများနှင့် မသက်ဆိုင်သည့် ကုမ္ပဏီဖွဲ့စည်း တည်ထောင်ခြင်းလျှောက်လွှာ [2]

ပုံစံ က-၂

အစုရှယ်ယာများဖြင့် ကန့်သတ်ထားသည့် အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်းလျှောက်လွှာ [3]

ပုံစံ က-၃

ခံဝန်ချက်အားဖြင့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်ခြင်းလျှောက်လွှာ [4]

ပုံစံ က-၄

တာဝန်ကန့်သတ်မထားသည့် ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်ခြင်းလျှောက်လွှာ [5]

ပုံစံ က-၅

ခံဝန်ချက်အားဖြင့်တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီတစ်ခုအဖြစ်တည်ထောင်သည့်အသင်းအဖွဲ့  ဖွဲ့စည်းတည်ထောင်ခြင်းလျှောက်လွှာ [6]

ပုံစံ က-၆

၁၉၅၀ ခုနှစ် အထူး ကုမ္ပဏီ အက်ဥပဒေအရ အစုရှယ်ယာများဖြင့် ကန့်သတ်ထားသည့် အများနှင့် မသက်ဆိုင်သည့် ကုမ္ပဏီ ဖွဲ့စည်း တည်ထောင်ခြင်းလျှောက်လွှာ [7]

ပုံစံ က-၇

၁၉၅၀ ခုနှစ် အထူး ကုမ္ပဏီ  အက်ဥပဒေအရ အစုရှယ်ယာများဖြင့်  ကန့်သတ်ထားသည့် အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီ ဖွဲ့စည်း တည်ထောင်ခြင်း လျှောက်လွှာ [8]

ပုံစံ က-၈

ပြည်ပကော်ပိုရေးရှင်းတစ်ခုအဖြစ် မှတ်ပုံတင်ခြင်းဆိုင်ရာ လျှောက်လွှာ [9]

ပုံစံ ခ-၁

အစုအားဖြင့် တာ၀န်ကန့်သတ်ထားသည့် အများနှင့် မသက်ဆိုင်သည့် ကုမ္ပဏီ၏ ပြန်လည်မှတ်ပုံတင်ခြင်းအတွက် လျှောက်ထားလွှာ [10]

ပုံစံ ခ-၂

အစုအားဖြင့် တာ၀န်ကန့်သတ်ထားသည့် အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီ၏ပြန်လည်မှတ်ပုံတင်ခြင်းအတွက်လျှောက်ထားလွှာ [11]

ပုံစံ ခ-၃

ခံ၀န်ချက်အားဖြင့် တာ၀န်ကန့်သတ်ထားသည့် ကုမ္ပဏီတစ်ခုအနေဖြင့် အသင်းအဖွဲ့ ပြန်လည်မှတ်ပုံတင်ခြင်း ဆိုင်ရာ လျှောက်ထားလွှာ [12]

ပုံစံ ခ-၄

၁၉၅၀ ခုနှစ် အထူးကုမ္ပဏီအက်ဥပဒေ အရ  ဖွဲ့စည်းထားသော အစုအားဖြင့်  တာ၀န်ကန့်သတ်ထားသည့် အများနှင့် မသက်ဆိုင် သည့် ကုမ္ပဏီ၏ ပြန်လည်မှတ်ပုံတင်ခြင်းအတွက် လျှောက်ထားလွှာ [13]

ပုံစံ ခ-၅

၁၉၅၀ ခုနှစ် အထူးကုမ္ပဏီအက်ဥပဒေ အရ  ဖွဲ့စည်းထားသော အစုအားဖြင့် တာ၀န်ကန့်သတ်ထားသည့် အများနှင့် သက်ဆိုင်သည့်ကုမ္ပဏီ၏ ပြန်လည်မှတ်ပုံတင်ခြင်းအတွက် လျှောက်ထားလွှာ [14]

ပုံစံ ခ-၆

ပြည်ပကော်ပိုရေးရှင်းတစ်ခု အနေဖြင့် ပြန်လည်မှတ်ပုံတင်ခြင်းအတွက် လျှောက်ထားလွှာ [15]

ပုံစံ ဂ-၁

ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း ပြောင်းလဲပြင်ဆင်ခြင်း [16]

ပုံစံ ဂ-၂

ကုမ္ပဏီအမည်ပြောင်းလဲခြင်း [17]

ပုံစံ ဂ-၃

အစုရှယ်ယာမတည်ငွေရင်း သို့မဟုတ် ကုမ္ပဏီတွင် ပါ၀င်သူများ၏မှတ်ပုံတင်စာရင်း ပြောင်းလဲခြင်း [18]

ပုံစံ ဂ-၄

မှတ်ပုံတင်ထားသော ရုံးခန်းလိပ်စာ သို့မဟုတ် စီးပွားရေးလုပ်ငန်းကိုအဓိကလုပ်ဆောင်သည့် လိပ်စာပြောင်းလဲ ပြင်ဆင်ခြင်း ဆိုင်ရာ အကြောင်းကြားစာ [19]

ပုံစံ ဂ-၅

မှတ်ပုံတင်စာရင်း မှားယွင်းမှုများကို ပြင်ဆင်သည့် တရားရုံး အမိန့်နှင့် စပ်လျဉ်းသည့် အကြောင်းကြားစာ [20]

ပုံစံ ဂ-၆(က)

မတည်ငွေရင်းလျှော့ချခြင်းနှင့်စပ်လျဉ်း၍ အစုရှယ်ယာရှင်များ အစည်းအဝေးကျင်းပရန် အကြောင်းကြားစာ [21]

ပုံစံ ဂ-၆(ခ)

မတည်ငွေရင်းလျှော့ချခြင်းနှင့်စပ်လျဉ်းသည့် ဆုံးဖြတ်ချက်ဆိုင်ရာ အကြောင်းကြားစာ [22]

ပုံစံ ဂ-၆(ဂ)

မတည်ငွေရင်း လျှော့ချခြင်းအတွက် အစည်းအဝေးကျင်းပရန် အကြောင်းကြားစာ နှင့် စပ်လျဉ်းသည့် မှတ်ပုံတင်အရာရှိထံမှ အကြောင်းကြားစာ [23]

ပုံစံ ဂ-၇(က)

အစုရှယ်ယာများ ပြန်လည်၀ယ်ယူခြင်းနှင့်  စပ်လျဉ်း၍ အစုရှယ်ယာရှင် အစည်းအဝေး အကြောင်းကြားစာ [24]

ပုံစံ ဂ-၇(ခ)

အစုရှယ်ယာများ ပြန်လည်ဝယ်ယူခြင်းနှင့် စပ်လျဉ်းသည့် ဆုံးဖြတ်ချက်ဆိုင်ရာ အကြောင်းကြားစာ [25]

ပုံစံ ဂ-၇(ဂ)

အစုရှယ်ယာများ ပြန်လည် ဝယ်ယူခြင်းနှင့် စပ်လျဉ်း၍ မှတ်ပုံတင်အရာရှိထံမှ အကြောင်းကြားစာ [26]

ပုံစံ ဂ-၈ (က)

အခွင့်အရေးများ ပြောင်းလဲသတ်မှတ်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းဆိုင်ရာ အကြောင်းကြားစာ [27]

ပုံစံ ဂ-၈ (ခ)

အစုရှယ်ယာများ၏ အခွင့်အရေးများ ပြောင်းလဲသတ်မှတ်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း နှင့်စပ်လျဉ်းသည့် တရားရုံးအမိန့်ကို အကြောင်းကြားစာ [28]

ပုံစံ ဂ-၉(က)

ငွေကြေး အထောက်အပံ့ပေးခြင်းနှင့် စပ်လျဉ်းသည့် အစုရှယ်ယာရှင် အစည်းအဝေးအကြောင်းကြားစာ [29]

ပုံစံ ဂ-၉(ခ)

ငွေကြေးအထောက်အပံ့ပေးခြင်းအား အတည်ပြုဆောင်ရွက်ပြီးကြောင်း အကြောင်းကြားစာ [30]

ပုံစံ ဂ-၉(ဂ)

ငွေကြေး အထောက်အပံ့ ပေးခြင်းနှင့် စပ်လျဉ်းသည့် အထူးဆုံးဖြတ်ချက်ဆိုင်ရာ အကြောင်းကြားစာ [31]

ပုံစံ ဂ-၁၀

ကုမ္ပဏီမှတ်ပုံတင် စာရင်းများနှင့် အညွှန်းစာရင်းများ ထိန်းသိမ်းထားသည့် နေရာ ပြောင်းလဲခြင်း [32]

ပုံစံ ဂ-၁၁

မှတ်ပုံတင်ထားသော ရုံးခန်းနှင့်စပ်လျဉ်း၍ မှတ်ပုံတင်အရာရှိထံမှ အကြောင်းကြားစာ [33]

ပုံစံ ဂ-၁၂

ကုမ္ပဏီအမည် ပြောင်းလဲရန်ညွှန်ကြားခြင်း [34]

ပုံစံ ဃ-၁

ဒါရိုက်တာများနှင့် အတွင်းရေးမှူးတို့၏ အချက်အလက်များ [35]

ပုံစံ ဃ-၂(က)

အခကြေးငွေနှင့် အခြားအကျိုးခံစားခွင့် များနှင့် စပ်လျဉ်း၍ ကုမ္ပဏီတွင် ပါ၀င်သူများ အစည်းအဝေးအတွက် အဆိုပြု အကြောင်းကြားစာ [36]

ပုံစံ ဃ-၂(ခ)

အခကြေးငွေ သို့မဟုတ် အကျိုးခံစားခွင့်နှင့် စပ်လျဉ်းသည့် ဆုံးဖြတ်ချက်ဆိုင်ရာ အကြောင်းကြားစာ [37]

ပုံစံ ဃ-၂(ဂ)

အခကြေးငွေ သို့မဟုတ် အခြားအကျိုးခံစားခွင့်များနှင့် စပ်လျဉ်းသည့် မှတ်ပုံတင် အရာရှိထံမှ အကြောင်းကြားစာ [38]

ပုံစံ ဃ-၃

ဒါရိုက်တာ သို့မဟုတ် အခြားအရာရှိများအပေါ် တားမြစ်ခြင်းဆိုင်ရာ အကြောင်းကြားစာ [39]

ပုံစံ င-၁

ပြည်ပကော်ပိုရေးရှင်း၏အမည်ပြောင်းလဲခြင်းဆိုင်ရာအကြောင်းကြားစာ [40]

ပုံစံ င-၂

ပြည်ပကော်ပိုရေးရှင်း၏ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအားပြောင်းလဲပြင်ဆင်ခြင်းဆိုင်ရာ အကြောင်းကြားစာ [41]

ပုံစံ င-၃

ပြည်ပကော်ပိုရေးရှင်း၏ ဒါရိုက်တာများ သို့မဟုတ် အတွင်းရေးမှူးပြောင်းလဲခြင်းဆိုင်ရာ အကြောင်းကြားစာ [42]

ပုံစံ င-၄

 ပြည်ပကော်ပိုရေးရှင်း၏  ပြည်ပရှိလိပ်စာ ပြောင်းလဲခြင်းဆိုင်ရာအကြောင်းကြားစာ [43]

ပုံစံ င-၅

နိုင်ငံတော်အတွင်း ပြည်ပကော်ပိုရေးရှင်း၏လိပ်စာပြောင်းလဲခြင်းဆိုင်ရာ အကြောင်း ကြားစာ [44]

ပုံစံ င-၆

ပြည်ပကော်ပိုရေးရှင်း၏ အခွင့်အာဏာအပ်နှင်းခြင်းခံရသောအရာရှိ သို့မဟုတ် ယင်း၏ လိပ်စာ ပြောင်းလဲခြင်း ဆိုင်ရာ အကြောင်းကြားစာ [45]

ပုံစံ င-၇

ပြည်ပကော်ပိုရေးရှင်း၏ နှစ်စဉ်အစီရင်ခံစာ [46]

ပုံစံ င-၈

ပြည်ပကော်ပိုရေးရှင်း၏ ဘဏ္ဍာရေးရှင်းတမ်း [47]

ပုံစံ င-၉

နိုင်ငံတော်အတွင်း ပြည်ပကော်ပိုရေးရှင်းကစီးပွားရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်မှု ကို ရပ်စဲကြောင်းအကြောင်းကြားစာ [48]

ပုံစံ င-၁၀

ပြည်ပကော်ပိုရေးရှင်းသည် ဖွဲ့စည်းတည်ထောင်သည့်နေရာတွင် စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း၊ ဖျက်သိမ်းခြင်း  သို့မဟုတ် မှတ်ပုံတင်ထားခြင်းမှ ပြန်လည်ပယ်ဖျက်ခြင်းဆိုင်ရာ အကြောင်းကြားစာ [49]

ပုံစံ င-၁၁

ပြည်ပကော်ပိုရေးရှင်း၏ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိကို နိုင်ငံတော်အတွင်း ခန့်အပ်ကြောင်း အကြောင်းကြားစာ [50]

ပုံစံ င-၁၂

ပြည်ပကော်ပိုရေးရှင်းတစ်ခုသည် မှတ်ပုံတင်စာရင်းမှပယ်ဖျက်ရန်ကြောင်းကြားစာ [51]

ပုံစံ င-၁၃(က)

နိုင်ငံတော်အတွင်း   စီးပွားရေးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ မှတ်ပုံတင်အရာရှိ၏ အကြောင်းကြားစာအပေါ် ပြန်ကြားချက် [52]

ပုံစံ င-၁၃(ခ)

စီးပွားရေးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ ပြည်ပကော်ပိုရေးရှင်း ထံသို့ မှတ်ပုံတင်အရာရှိက ပေးပို့သည့်အကြောင်းကြားစာ [53]

ပုံစံ င-၁၃(ဂ)

စီးပွားရေးလုပ်ကိုင်ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ ပြည်ပကော်ပိုရေးရှင်းသို့ မှတ်ပုံတင်အရာရှိက ဒုတိယအကြိမ် အကြောင်း ကြားစာ [54]

ပုံစံ စ-၁

အစုရှယ်ယာများဖြင့် ကန့်သတ်ထားသည့် အများနှင့် မသက်ဆိုင်သည့် ကုမ္ပဏီမှ အစုရှယ်ယာများဖြင့် ကန့်သတ်ထားသည့် အများနှင့် သက်ဆိုင်သည့် ကုမ္ပဏီသို့ ပြောင်းလဲရန် လျှောက်လွှာ [55]

ပုံစံ စ-၂

အစုရှယ်ယာများဖြင့် ကန့်သတ်ထားသည့် အများနှင့် သက်ဆိုင်သည့် ကုမ္ပဏီမှ အစုရှယ်ယာများဖြင့် ကန့်သတ်ထားသည့် အများနှင့် မသက်ဆိုင်သည့် ကုမ္ပဏီသို့ ပြောင်းလဲရန် လျှောက်လွှာ [56]

ပုံစံ စ-၃

ခံဝန်ချက်အားဖြင့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီမှ အစုရှယ်ယာများဖြင့် ကန့်သတ်ထားသည့် အများနှင့် သက်ဆိုင်သည့် ကုမ္ပဏီသို့ ပြောင်းလဲရန် လျှောက်လွှာ [57]

ပုံစံ စ-၄

ခံဝန်ချက်အားဖြင့် တာဝန် ကန့်သတ်ထားသည့် ကုမ္ပဏီမှ အစုရှယ်ယာများဖြင့် ကန့်သတ်ထားသည့် အများနှင့် မသက်ဆိုင်သည့် ကုမ္ပဏီသို့ ပြောင်းလဲရန် လျှောက်လွှာ [58]

ပုံစံ စ-၅

တာဝန်ကန့်သတ်မထားသည့် ကုမ္ပဏီမှ အစုရှယ်ယာများဖြင့် ကန့်သတ်ထားသည့် အများနှင့် သက်ဆိုင်သည့် ကုမ္ပဏီသို့ ပြောင်းလဲရန် လျှောက်လွှာ [59]

ပုံစံ စ-၆

တာဝန်ကန့်သတ်မထားသည့် ကုမ္ပဏီမှ အစုရှယ်ယာများဖြင့်ကန့်သတ်ထားသည့် အများနှင့် မသက်ဆိုင်သည့် ကုမ္ပဏီသို့ ပြောင်းလဲရန် လျှောက်လွှာ [60]

ပုံစံ စ-၇

နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းသည့် အကြောင်းကြားစာ [61]

ပုံစံ စ-၈

အဆိုပြုထားသော ကုမ္ပဏီ အမျိုးအစား ပြောင်းလဲခြင်းဆိုင်ရာနှင့်စပ်လျဉ်းသည့် တရားရုံး၏အမိန့် အကြောင်းကြားစာ [62]

ပုံစံ ဆ-၁

ဥပဒေအရ ပြုစုဆောင်ရွက်ရမည့် အစီရင်ခံစာ [63]

ပုံစံ ဆ-၂

အများနှင့် သက်ဆိုင်သော ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း [64]

ပုံစံ ဆ-၃

အများနှင့် သက်ဆိုင်သော ကုမ္ပဏီ၏ အလားအလာ ညွှန်းတမ်းအစား ရေးသားဖော်ပြချက် [65]

ပုံစံ ဆ-၄

စီးပွားရေးလုပ်ငန်း  စတင်လုပ်ကိုင် ဆောင်ရွက်ကြောင်း အထောက်အထားတောင်းခံခြင်းနှင့် လိုက်နာ ဆောင်ရွက်ကြောင်း  ကြေညာချက် [66]

ပုံစံ ဆ-၅

အများနှင့် သက်ဆိုင်သော ကုမ္ပဏီ၏ ဘဏ္ဍာရေးဆိုင်ရာ ရှင်းတမ်းများ [67]

ပုံစံ ဆ-၆

နှုတ်ထွက်ခြင်း သို့မဟုတ် အစားထိုးခန့်ထားခြင်းအပေါ် စာရင်းစစ်အစီရင်ခံစာ [68]

ပုံစံ ဆ-၇

နိုင်ငံတော်၏ ပြင်ပတွင် ဖွဲ့စည်းတည်ထောင်ထားသည့် ကော်ပိုရေးရှင်း၏ အလားအလာညွှန်းတမ်း [69]

ပုံစံ ဇ-၁

ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာဝန်တင်ရှိခြင်းတို့နှင့် စပ်လျဉ်း၍ မှတ်ပုံတင်ခြင်း [70]

ပုံစံ ဇ-၂

ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာ၀န်တင်ရှိခြင်းပစ္စည်းအား ရယူထားသောကုမ္ပဏီမှ မှတ်ပုံတင်ခြင်း [71]

ပုံစံ ဇ-၃

ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာ၀န်တင်ရှိခြင်းဆိုင်ရာ အချက်အလက်များကို ပြင်ဆင်သတ်မှတ်ခြင်း [72]

ပုံစံ ဇ-၄

ပစ္စည်းလက်ခံ ထိန်းသိမ်းသူ ခန့်အပ်ခြင်း အကြောင်းကြားစာ [73]

ပုံစံ ဇ-၅

ပစ္စည်းလက်ခံ ထိန်းသိမ်းသူ၏ အချက်အလက်များ ပြောင်းလဲခြင်းဆိုင်ရာ အကြောင်းကြားစာ [74]

ပုံစံ ဇ-၆

ပစ္စည်းလက်ခံထိန်းသိမ်းသူ၏ ငွေစာရင်းများကို တင်ပြခြင်း [75]

ပုံစံ ဇ-၇

ပစ္စည်းလက်ခံ ထိန်းသိမ်းသူ အဖြစ်မှ ရပ်စဲကြောင်း အကြောင်းကြားစာ [76]

ပုံစံ ဇ-၈

အချိန်ကာလ တိုးချဲ့ခြင်း သို့မဟုတ် ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာဝန်တင်ရှိခြင်းကို ပြောင်းလဲပြင်ဆင်သည့်  တရားရုံးအမိန့် အကြောင်းကြားစာ [77]

ပုံစံ ဇ-၉

ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာ၀န်တင်ရှိခြင်းတို့အရ ငွေပေးချေမှု သို့မဟုတ် လိုက်နာဆောင်ရွက်မှုပြီးစီးကြောင်း [78]

ပုံစံ ဈ-၁(က)

မှတ်ပုံတင်စာရင်း ပြင်ဆင်ခြင်းဆိုင်ရာ လျှောက်လွှာ [79]

ပုံစံ ဈ-၁(ခ)

မှတ်ပုံတင်စာရင်း ပြင်ဆင်ခြင်းအပေါ် ကန့်ကွက်ချက် [80]

ပုံစံ ဈ-၁(ဂ)

ကန့်ကွက်ထားသော မှတ်ပုံတင်စာရင်း ပြင်ဆင်ချက်ကို ပြန်လည်ရုပ်သိမ်းခြင်း [81]

ပုံစံ ဈ-၁(ဃ)

မှတ်ပုံတင်စာရင်းအား ပြင်ဆင်ချက်နှင့် စပ်လျဉ်း၍ တရားရုံးအမိန့် [82]

ပုံစံ ဈ-၂(က)

အဆိုပြုထားသည့် မှတ်ပုံတင်စာရင်းအား ပြင်ဆင်ခြင်းနှင့် စပ်လျဉ်း၍ မှတ်ပုံတင် အရာရှိထံမှ အကြောင်းကြားစာ [83]

ပုံစံ ဈ-၂(ခ)

မှတ်ပုံတင်အရာရှိထံမှ မှတ်ပုံတင်စာရင်း ပြင်ဆင်ချက် အကြောင်းကြားစာ [84]

ပုံစံ ဈ-၃(က)

ကုမ္ပဏီ၏ မှတ်ပုံတင်စာရင်း ပြင်ဆင်ရန် လျှောက်ထားချက် [85]

ပုံစံ ဈ-၃(ခ)

ကုမ္ပဏီ၏ မှတ်ပုံတင်စာရင်းတွင် မှားယွင်းမှုကို ပြင်ဆင်ခြင်းနှင့် စပ်လျဉ်း၍ မှတ်ပုံတင်အရာရှိထံမှ အကြောင်းကြားစာ [86]

ပုံစံ ဈ-၄(က)

စီးပွားရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ မှတ်ပုံတင်အရာရှိ၏ စုံစမ်းစစ်ဆေးမှု ဆိုင်ရာ အကြောင်းကြားစာအပေါ် ပြန်ကြားချက် [87]

ပုံစံ ဈ-၄(ခ)

စီးပွားရေး လုပ်ကိုင်ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍  မှတ်ပုံတင်အရာရှိမှ   စုံစမ်းစစ်ဆေးမှုဆိုင်ရာ ပထမ အကြောင်းကြားစာ [88]

ပုံစံ ဈ-၄(ဂ)

စီးပွားရေး လုပ်ကိုင်ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍  မှတ်ပုံတင်အရာရှိမှ စုံစမ်း စစ်ဆေးမှုဆိုင်ရာ ဒုတိယ အကြောင်းကြားစာ [89]

ပုံစံ ဈ-၄(ဃ)

စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ မှတ်ပုံတင် အရာရှိထံမှ အပြီးသတ် အကြောင်းကြားစာ [90]

ပုံစံ ဈ-၅

ကုမ္ပဏီကို မှတ်ပုံတင်စာရင်းတွင် ပြန်လည်ဖော်ပြခြင်းအတွက် တရားရုံးအမိန့် [91]

ပုံစံ ဈ-၆(က)

မှတ်ပုံတင်အရာရှိထံမှ စုံစမ်းစစ်ဆေးမှုဆိုင်ရာ အကြောင်းကြားစာအပေါ် ပြန်ကြားချက် [92]

ပုံစံ ဈ-၆(ခ)

မှတ်ပုံတင်အရာရှိက စုံစမ်းစစ်ဆေးခြင်းဆိုင်ရာ အကြောင်းကြားစာ [93]

ပုံစံ ဈ-၇(က)

စုံစမ်းစစ်ဆေးသူ ခန့်အပ်ခြင်း အကြောင်းကြားစာ [94]

ပုံစံ ဈ-၇(ခ)

ပြည်ထောင်စု၀န်ကြီးမှ ခန့်အပ်သည့် စုံစမ်းစစ်ဆေးသူမှ တင်ပြသည့်အစီရင်ခံစာ [95]

ပုံစံ ဈ-၈

မှတ်ပုံတင်အရာရှိက တရားစွဲဆိုဆောင်ရွက်ခြင်းဆိုင်ရာအကြောင်းကြားစာ [96]

ပုံစံ ဈ-၉(က)

နှစ်စဉ်အစီရင်ခံစာ တင်ပြရန် ပျက်ကွက်မှုအတွက် ရပ်ဆိုင်းရန် အကြောင်းကြားစာ [97]

ပုံစံ ဈ-၉(ခ)

လိမ်လည်ထားသော စာရွက်စာတမ်း သို့မဟုတ် မမှန်ကန်သော သတင်းအချက်အလက်များအတွက် ဆိုင်းငံ့ရန် အကြောင်းကြားစာ [98]

ပုံစံ ဈ-၉(ဂ)

လိမ်လည်ထားသော စာရွက်စာတမ်း သို့မဟုတ် မမှန်ကန်သော အချက် အလက်များအတွက် ဆိုင်းငံ့ရန် အကြောင်းကြားစာအပေါ် ပြန်ကြားချက် [99]

ပုံစံ ဈ-၉(ဃ)

ကုမ္ပဏီ မှတ်ပုံတင်ထားရှိမှု ဆိုင်းငံ့ထားခြင်းကို ပြန်လည်ရုပ်သိမ်းရန် တင်ပြလျှောက်ထားချက် [100]

ပုံစံ ဈ-၁၀

တရားမျှတမှု မရှိသော ဆောင်ရွက်မှုများအတွက် တရားရုံးအမိန့်နှင့်စပ်လျဉ်းသည့်   အကြောင်းကြားစာ [101]

ပုံစံ ဈ-၁၁

စေ့စပ်ပြေငြိမ်းမှု သို့မဟုတ် စီစဉ်ဆောင်ရွက်မှုနှင့် စပ်လျဉ်းသည့် တရားရုံးအမိန့် [102]

ပုံစံ ဈ-၁၂

စေ့စပ်ပြေငြိမ်းမှုနှင့် စီစဉ်ဆောင်ရွက်မှုအား ခွင့်ပြုသည့် တရားရုံးအမိန့် [103]

ပုံစံဈ-၁၃(က)

အစုရှယ်ယာအာမခံလက်မှတ် ပယ်ဖျက်ခြင်း အချိန်ကာလ တိုးမြှင့်ရန်လျှောက်ထားလွှာ [104]

ပုံစံ ဈ-၁၃(ခ)

အစုရှယ်ယာ အာမခံလက်မှတ်ပယ်ဖျက်ခြင်း အချိန်ကာလ တိုးမြှင့်ရန်လျှောက်ထားလွှာ နှင့်စပ်လျဉ်း၍ မှတ်ပုံတင်အရာရှိထံ မှ အကြောင်းကြားစာ [105]

ပုံစံ ဈ-၁၄

ကုမ္ပဏီ၏ရည်ရွယ်ချက်များ ဆက်လက်ထားရှိရန် အထူးဆုံးဖြတ်ချက်ဆိုင်ရာ အကြောင်းကြားစာ [106]

ပုံစံ ည-၁

ကုမ္ပဏီ ဖျက်သိမ်းသည့် တရားရုံးအမိန့် [107]

ပုံစံ ည-၂

စာရင်းရှင်းလင်း ဖျက်သိမ်းရေး အရာရှိက စာရင်းစစ်ပြုစုထားသော စာရင်း [108]

ပုံစံ ည-၃

ကုမ္ပဏီအား တရားဝင်ဖျက်သိမ်းခြင်းအတွက် တရားရုံးအမိန့် [109]

ပုံစံ ည-၄

ဆန္ဒအလျောက် ဖျက်သိမ်းခြင်းတွင် ကြွေးမြီပေးချေနိုင်ကြောင်း ကြေညာချက် [110]

ပုံစံ ည-၅(က)

ကုမ္ပဏီတွင်ပါဝင်သူများ၏ ဆန္ဒအလျောက်ဖျက်သိမ်းရာတွင် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိ၏ အပြီးသတ်စာရင်း [111]

ပုံစံ ည-၅(ခ)

ဆန္ဒအလျောက်ဖျက်သိမ်းရာတွင် ကုမ္ပဏီဖျက်သိမ်းသည့် နေ့ရက်ကို ရွှေ့ဆိုင်းရန် တရားရုံးအမိန့် [112]

ပုံစံ ည-၆(က)

မြီရှင်များက ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းရာတွင် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိ၏ အပြီးသတ်စာရင်း [113]

ပုံစံ ည-၆(ခ)

မြီရှင်များ၏ဖျက်သိမ်းခြင်းတွင် ကုမ္ပဏီဖျက်သိမ်းသည့် နေ့ရက်ကို ရွှေ့ဆိုင်းရန် တရားရုံးအမိန့် [114]

ပုံစံ ည-၇

တရားရုံးက စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိ ခန့်အပ်မှု အကြောင်းကြားစာ [115]

ပုံစံ ည-၈

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏အချက်အလက်များ ပြောင်းလဲခြင်းဆိုင်ရာ အကြောင်းကြားစာ [116]

ပုံစံ ည-၉

ဖျက်သိမ်းမှုပျက်ပြယ်ကြောင်း ကြေညာသည့် တရားရုံးအမိန့် [117]

ပုံစံ ည-၁၀

စာရင်းရှင်းလင်းဖျက်သိမ်းခြင်းတွင် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိ၏ ရေးသားဖော်ပြချက် [118]

-

နှစ်စဉ်အစီရင်ခံစာ [119]

 မှတ်ချက်။         အထက်ပါပုံစံများကို website link များတွင်ရယူနိုင်ပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative