ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံ [1]

Posted on 20 July 2018

၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၁၀: ၃၀ နာရီအချိန်တွင် ရန်ကုန်မြို့ အမှတ်(၁) သစ္စာလမ်း၊ရန်ကင်းမြို့နယ်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန(ရုံးချုပ်)သို့  စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းမှ လာရောက်ကာ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တွေ့ဆုံခဲ့ပြီး၊ ကုမ္ပဏီပိုင်းဆိုင်ရာကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ် လုပ်ငန်းများ ပိုမို အောင်မြင်ရေးနှင့် စပ်လျဉ်း၍  မှာကြားခဲ့ပါသည်။

ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်မှ ဌာန၏လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ပေးပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်)၏ လုပ်ငန်းဆောင်ရွက်မှု အခြေ အနေများနှင့် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးခွဲ (One Stop Service)ရုံး တို့သို့ လှည့်လည်ကြည့်ရှု ခဲ့ပါသည်။

           

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative