ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


Myanmar Insight 2018 ကို ဗန်ကောက်မြို့တွင် ကျင်းပ [1]

Posted on 20 July 2018

မြန်မာ-ထိုင်း နှစ်နိုင်ငံ သံတမန် ဆက်သွယ်မှု နှစ် (၇၀) ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာ နိုင်ငံနှင့် ထိုင်းနိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်လာစေရန်အတွက် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ Myanmar Insight 2018  ဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင်  ဗန်ကောက်မြို့ရှိ Shangri-La Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါဆွေးနွေးပွဲသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ဦးဆောင်သော  မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။

          ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Jukr Boon-Long မှ ကြိုဆိုနှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့ပြီး ထိုင်းနိုင်ငံ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုအဖွဲ့အစည်းဝန်ကြီး H.E. Dr. Pichet Durongkaveroj မှ အဖွင့်အမှာစကားနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းတို့မှ အမှာစကား အသီးသီး ပြောကြားခဲ့ပါသည်။

အဆိုပါစကားဝိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးတို့က  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ၊ ခရီးသွားလုပ်ငန်းအလားအလာများ၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ အရင်းအမြစ်များနှင့် ကုန်သွယ်မှု အလားအလာများ စသည့် ခေါင်းစဉ် အသီးသီးဖြင့် ပါဝင် ဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေးပွဲသို့  မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံရှိ  စီးပွားရေး လုပ်ငန်းများမှ ကိုယ်စားလှယ် (၆၀၀) ကျော်ခန့် တက်ရောက်ခဲ့ပါသည်။

 

 

 

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative