ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


Hydrotek Supreme Mandalay Company Limited. သို့ ကွင်းဆင်းစစ်ဆေးခြင်း [1]

Posted on 24 July 2018

    မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသော မန္တလေးတိုင်း ဒေသကြီး၊ အမရပူရမြို့နယ်၊ တောင်အင်းမြောက်အင်းဒေသ၊ ဦးပိုင်အမှတ်-၂၀၅၊ ၂၀၆၊ ကွင်း အမှတ်-၅၈၅ရှိ Hydrotek Supreme Mandalay Company Limited သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ စက်မှုကြီးကြပ်နှင့် စစ်ဆေးရေးဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီး ဌာနနှင့် အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်း စစ်ဆေးရေးအဖွဲ့သည် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့တွင် ကုမ္ပဏီ၏ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

 

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative