ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၁၈) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း [1]

Posted on 25 July 2018

မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၁၈) ကြိမ်မြောက် အစည်းအဝေးကို   ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့တွင် မကွေးမြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ မကွေးတိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာအောင်မိုးညိုနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး ကော်မတီသို့ တင်ပြလာသည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၃) ခုအား အတည်ပြုမိန့် ထုတ်ပေးရန် ဆုံးဖြတ်ခဲ့ကြပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative