ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ကြေညာချက် [1]
၁။ Myanmar Companies Online (MyCO) စနစ်ကိုအသုံးပြု၍ www.myco.dica.gov.mm [2] တွင် ကုမ္ပဏီမှတ်ပုံတင်ပါ။
၂။ ကုမ္ပဏီမှတ်ပုံတင်ခြင်းအား စာရွက်စာတမ်းဖြင့် ရုံးတွင်တင်ပြလိုပါက သက်ဆိုင်ရာ သတ်မှတ် ပုံစံအား ဖြည့်စွက်၍ ယူဆောင်လာရပါမည်။ စာရွက်စာတမ်းများကို www.dica.gov.mm [3] သို့မဟုတ် www.myco.dica.gov.mm [2] မှထုတ်ယူဖြည့်သွင်းပါ။
၃။ ကုမ္ပဏီ အသစ်ဖွဲ့စည်း တည်ထောင်ခြင်းလျှောက်ထားလွှာများ ပုံစံ (က) အုပ်စုနှင့် ကုမ္ပဏီ ပြန်လည် မှတ်ပုံတင်ခြင်းအတွက် လျှောက်ထားလွှာများပုံစံ (ခ) အုပ်စုတို့အား စာရွက်စာတမ်းဖြင့် ရုံး တွင်တင်ပြလိုပါက သီးခြားဝန်ဆောင်ခအဖြစ် ၁၀၀,၀၀၀ ကျပ် ပေးဆောင်ရပါမည်။
၄။ ကုမ္ပဏီ မှတ်ပုံတင်ခြင်းအား Online စနစ်ဖြင့် အသုံးပြုမည်ဆိုပါက သတ်မှတ်ထားသော အခကြေးငွေအပြင် မည်သည့်ဝန်ဆောင်ခမျှ ထပ်မံပေးဆောင်ရန် မလိုပါ။ Online စနစ်ဖြင့် အသုံးပြု မည်ဆိုပါက ပိတ်ရက်မရှိတစ်ရက်လျှင် ၂၄ နာရီပတ်လုံး ကုမ္ပဏီ မှတ်ပုံတင်ဆောင်ရွက်နိုင်ပါသည်။
၅။ သို့ဖြစ်ပါ၍ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသို့ လူကိုယ်တိုင်လာရောက်၍ သီးခြား ဝန်ဆောင်ခ ပေးဆောင်မည့်အစား Myanmar Companies Online (MyCO) စနစ်ကို အသုံးပြု၍ မိမိအိမ် သို့မဟုတ် ရုံးတွင်သာသက်တောင့်သက်သာ ကုမ္ပဏီမှတ်ပုံတင်ကြပါရန် တိုက်တွန်း အပ်ပါသည်။
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန
