ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ( ၁၁ / ၂၀၁၈ )ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း [1]

Posted on 03 August 2018

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် အညီ တင်ပြလာသည့် အဆိုပြုချက်များ အပေါ် ဆွေးနွေး စိစစ်မှုပြုရန်အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ( ၁၁ / ၂၀၁၈) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၈ ခုနှစ် သြဂုတ်လ ၃ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ၊ ဦးသောင်းထွန်းနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အဖွဲ့ဝင် (၇)ဦး တက်ရောက်ကြပါသည်။

အဆိုပါအစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံသူက တင်ပြလာသော ခွင့်ပြုမိန့်နှင့် အတည်ပြုမိန့် လျှောက်ထားလွှာများအား စိစစ်ခြင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုမိန့် ရရှိပြီးသော ကုမ္ပဏီများမှ တင်ပြလာသည့် အထွေထွေကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်းတို့ကို ဆောင် ရွက်ခဲ့ကြပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative